ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) သည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြင်ကွန်း နှင့် ကမ်းနီ လျှပ်စစ်မြစ်ရေတင်စီမံကိန်းကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်း လုပ်ဆောင်ရန်အတွက် AFD (Agence Francaise De Development) ၏ အထောက်အပံ့ရန်ပုံငွေဖြင့် Remodeling of Canals, Structures and Lining Works ဆောင်ရွက်ရန်အတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူခဲ့ရာတွင် ဝန်ကြီး ဌာနလိုအပ်ချက်နှင့် စံချိန်စံညွှန်းများကိုက်ညီမှုရှိသော THIHA MIN SWE CO., LTD. ကို ယုံကြည်စွာ တာဝန်ပေးအပ်ခဲ့သဖြင့် မိမိကုမ္ပဏီမှ ဂုဏ်ယူဝမ်းမြောက်စွာဖြင့် လုပ်ကိုင်ဆောင်ရွက်ပြီးစီးခဲ့ ပြီးဖြစ်ပါသည်။
နိုင်ငံတော်မှ မကွေးတိုင်းဒေသကြီးအတွင်းရှိ ဧရာဝတီမြစ်ရေကိုဒေသခံပြည်သူများ ပိုမိုအကျိုးရှိစွာ အသုံးပြုနိုင်ရန် အတွက် အဆိုပါ မြင်ကွန်းနှင့် ကမ်းနီ လျှပ်စစ်မြစ်ရေတင်စီမံကိန်းအား အဆင့်မြှင့်တင်သည့် စီမံကိန်းလုပ်ငန်းကို အကောင်အထည်ဖေါ်ခဲ့ခြင်းဖြစ်ပါသည်။
အဆိုပါ စီမံကိန်းကိုအကောင်အထည်ဖေါ်ရာတွင် မိမိတို့ကုမ္ပဏီသည် ဝန်ကြီးဌာနမှသတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီအောင်လုပ်ဆောင်ခဲ့သည့်အပြင် ရန်ပုံငွေအထောက်အပံ့ပေးသော အဖွဲ့အစည်း၏ သတ်မှတ်ချက်များကိုပါ ပြည့်မီအောင် အဆင့်မြှင့်တင်သည့် အဆိုပါစီမံကိန်းကို အကောင်အထည်ဖေါ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။
၄င်းစီမံကိန်း အကောင်အထည်ဖေါ်သည့်အတွက် ဒေသခံပြည်သူများ၏ လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် စိုက်ပျိုးရေလုံလောက်စွာ ရရှိလာခြင်း၊ သောက်ရေနှင့် သုံးရေ လုံလောက်မှုရှိခြင်း၊ ကျွဲနွားများနှင့် အခြားသော တိရိစၦာန်များအတွက် လုံလောက်စွာ ရေရရှိခြင်း၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် အထောက်အကူများ ဖြစ်ခြင်း စသော အကျိုးကျေးဇူးများကို ခံစားရရှိနေပြီဖြစ်ပါသည်။
စီမံကိန်းလိုအပ်ချက်များကို စေတနာထားလုပ်ဆောင်သကဲ့သို့ ကုမ္ပဏီအနေဖြင့် ဒေသအကျိုးပြု လုပ်ငန်းများဖြစ်သည့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် သစ်ပင်များ စိုက်ပျိုးခြင်း၊ ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေးအတွက် အဆင်ပြေ လွယ်ကူစေရန် တံတားနှင့် လမ်းဟောင်းများ ပြုပြင်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။










