ယနေ့နံနက်ပိုင်း မကွေးတိုင်းဒေသကြီး၊ လယ်-ဆည်ဝန်ကြီးမှ မင်းဘူးမြို့နယ် ကမ်းနီမြစ်ရေတင်လုပ်ငန်းခွင်သို့ လာရောက်စစ်ဆေး၊ ရေအရင်းအမြစ်တိုင်းဦးစီးမှူးနှင့်အဖွဲ့က လုပ်ငန်းလျာထားချက်၊ လုပ်ဆောင်ရမည့်လုပ်ငန်းကာလ၊ လုပ်ငန်းပြီးစီးပါက စိုက်ပျိုးရေ ပေးဝေနိုင်မည့်အခြေအနေ၊ လုပ်ငန်းတာဝန်ယူဆောင်ရွက်မည့် သီဟမင်းဆွေ Co., Ltd. မှ အင်ဂျင်နီယာများမှ လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များကို ဝန်ကြီးအား ရှင်းလင်းတင်ပြ။

